“ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ညှိနှိုင်းဆွေးနွေး”
22 Jan
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက် က ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မှ ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီဖွဲ့စည်းမှု အခြေအနေ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲ့စည်းနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ဒေသခံကော်မတီအဖွဲ့ဝင်များမှ ကော်မတီ၏လုပ်ငန်းတာဝန်များအပေါ် ရှေ့ဆက်ဆောင်ရွက် ရမယ့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက် မည့် ရှေ့လုပ်ငန်းအစီအစဉ်များအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)