“(၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပမည်”

21 Jan

၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ရန်-မန်းလမ်းနှင့် (၁၀၁)လမ်း၊ သိပ္ပံလမ်းထောင့်၊ ဆင်ဖြူကန်ကွင်း၊ အရှေ့ဘက်ခြမ်းနေရာတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲ၊ ပြိုင်ပွဲတွင် ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပ သစ်ခွ(စင်ဘီးဒီးယမ်းပြိုင်ပွဲ)၊ ပြည်ပသစ်(ဗန်ဒါပြိုင်ပွဲ)၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ၊ ရှားစောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင် (ဘွန်ဆိုင်း)ပြိုင်ပွဲ၊ အသီးပါသည့် အလှအပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အရွက်ပြိုင်ပွဲ (ဥပမာ-မုန်ညင်းရွက်)၊ ဟင်းသီး ဟင်းရွက် အထုပ်ပြိုင်ပွဲ (ဥပမာ-ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်)၊ ဟင်းသီးဟင်းရွက် အသီးပါအပင်ပြိုင်ပွဲ (ဥပမာ-ခရမ်း၊ ငရုတ်)၊ ဟင်းသီးဟင်းရွက် ဥပြိုင်ပွဲ (ဥပမာ-မုန်လာဥ)၊ သစ်သီးပြိုင်ပွဲ (ဥပမာ- သင်္ဘောသီး၊ ဖရဲသီး)၊ ဟင်းသီးအသီး အလုံးလိုက်ပြိုင်ပွဲ (ဥပမာ- ဘူးသီး)၊ သစ်သီးဝလံ အခိုင်လိုက်ပြိုင်ပွဲ (ဥပမာ- ငှက်ပျောခိုင်၊ အုန်းသီးခိုင်)၊ သစ်သီး ဝလံဥပြိုင်ပွဲ (ဥပမာ- စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီးအသီးအနှံ အတွဲလိုက်ပြိုင်ပွဲ (ဥပမာ-ခရမ်းချဉ်သီး)၊ သစ်သီးပုံဖော်အလှဆင်ခြင်း စတဲ့ ပြိုင်ပွဲများစွာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၃)ဆု ချီးမြှင့် ပေးအပ်သွား မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူမျာအနေနဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ဆင်ဖြူကန်ကွင်း အရှေ့ဘက်ခြမ်း ကွပ်ကဲရေးရုံးသို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်၊ ရုံးချိန်အတွင်းပေးပို့ရမည် ဖြစ်ပါတယ်။ ပန်းအလှပြုပြင်ခြင်းနှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်ပစ္စည်းများကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက် များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊ ဖုန်း ၀၉-၂၀၁၉၃၅၉ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

21 Jan

ADVERTISE HERE .