“မန္တလေး၌ ၂ဝ၂၆ ရိုးမအပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကျင်းပမည်”

21 Jan

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မန္တလေးမြို့၌ ၂၀၂၆ ရိုးမအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် ဗထူးအားကစားကွင်း၌ ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်တွင် တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊ စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ) နှင့် (၅ ကီလိုမီတာ) အပျော်တမ်းပြေးပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုးကို ကျင်းပသွားမည်ဖြစ်ရာ တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊ (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၃၀ ၊ ဒုတိယဆု ငွေကျပ်၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁ဝ သိန်း၊ စတုတ္ထဆု မှ ဒသမဆုအထိ ငွေကျပ် ငါးသိန်းစီ ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ)၊ (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲတွင်လည်း ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း၊ စတုတ္ထမှ ဒသမဆု အထိ ငွေကျပ် နှစ်သိန်းစီ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။ မန္တလေးမာရသွန်အတွက် စာရင်းသွင်းထားသည့် အပြေးသမားများအနေနဲ့ ဇန်နဝါရီလ ၂၂ ရက် မှ ၂၃ ရက်အထိ နှစ်ရက်တိုင် နံနက် ၉ နာရီမှ ညနေ ၆ နာရီခွဲအထိ ဗထူးမိုးလုံလေလုံ အားကစားကွင်းတွင် ပြိုင်ပွဲဝင် ပစ္စည်းများ လာရောက်ထုတ်ယူနိုင်ကြောင်း သိရပါတယ်။ အဆိုပါ ၂၀၂၆ ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်မည့်ကာလအတွင်း ပြေးလမ်းကြောင်းအဖြစ် အသုံးပြုမည့် ၃၀ လမ်း (၆၈ လမ်းနှင့် ၇၃ လမ်းကြား)၊ ၂၉ လမ်း (၆၈ လမ်းနှင့် ၇၃ လမ်းကြား)၊ ၂၈ လမ်း (၆၈ လမ်းနှင့် ၇၃ လမ်းကြား)၊ ၇၃ လမ်း (၃၀ လမ်းနှင့် ၂၆ လမ်းကြား)၊ ၂၆ လမ်း (၆၆ လမ်းနှင့် ၈၀ လမ်းကြား)၊ ၈၀ လမ်း (၂၆ လမ်းနှင့် ၁၂ လမ်းကြား)၊ ၁၂ လမ်း (၈၀ လမ်းနှင့် ၆၆ လမ်းကြား)၊ ၆၆ လမ်း (၁၂ လမ်းနှင့် ၂၆ လမ်းကြား)၊ ၇၁ လမ်း (၂၆ လမ်းနှင့် ၃၀ လမ်းကြား) တို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

21 Jan

ADVERTISE HERE .