“ဩစတြေးလျအိုးပင်းမှာ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အင်ဒိုနီးရှားတင်းနစ်မယ် ဂျန်နစ်ဂျန်”

21 Jan

အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားတင်းနစ်မယ် ဂျန်နစ်ဂျန် ဟာ အခုကျင်းပနေတဲ့ ၂၀၂၆ ဩစတြေးလျ အိုးပင်း ပြိုင်ပွဲမှာ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်က ကစားခဲ့တဲ့ ပထမအဆင့်ပွဲစဉ်မှာ ဂျန်နစ်ဂျန် ဟာ ဆီဒင်အဆင့် (၂၂) ရရှိထားတဲ့ ကနေဒါတင်းနစ်မယ် လေလာဖာနန်ဒက်ဇ် နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ရပ်တည်မှုမြင့်သလို လက်စွမ်းလည်း ကွာဟတဲ့အတွက် အခုပွဲမှာ လေလာဖာနန်ဒက်ဇ် အနိုင်ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ပြိုင်ပွဲကစားချိန်မှာတော့ ဂျန်နစ်ဂျန် က ဖာနန်ဒက်ဇ် ကို ဖိအားပေးကစားထားနိုင် ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာလည်း ဂျန်နစ်ဂျန် က ဖာနန်ဒက်ဇ် ကို ၆ : ၂၊ ၇ : ၆ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ၂၈ နှစ်အတွင်း ဩစတြေးလျအိုးပင်းရဲ့ ပွဲစဉ်တစ်ခုကို ပထမဆုံးအနိုင်ရရှိတဲ့ အင်ဒိုနီးရှားတင်းနစ်မယ်အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ ပါတယ်။ ဂျန်နစ်ဂျန်မတိုင်ခင် ဩစတြေးလျအိုးပင်းပွဲစဉ်တစ်ခုကို နောက်ဆုံးအနိုင်ရတဲ့ အင်ဒိုနီးရှားတင်းနစ်မယ် က ဘာဆူကီ ဖြစ်ပြီး ၁၉၉၈ ခုနှစ်က အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .