“အဲလက်စ်တော့ ကို ခေါ်ယူခဲ့တဲ့ ဘုန်းမောက်အသင်း”
21 Jan
ဘုန်းမောက်အသင်းဟာ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်းက လက်ရွေးစင်ကွင်းလယ်လူ အဲလက်စ်တော့ ကို ပေါင် ၁၀ ဒသမ ၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ အဲလက်စ်တော့ ဟာ ဘုန်းမောက်အသင်းနဲ့ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲလက်စ်တော့ ရဲ့အပြောင်းအရွှေ့မှာ အပိုဆုကြေး ပေါင် ၂ ဒသမ ၆ သန်း ပါဝင်ပြီး ဖယ်ရန်ဗာရို့စ်အသင်းက အနာဂတ်အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ပါရှိပါတယ်။ အဲလက်စ်တော့ ကို ဘင်ဖီကာ၊ ဂါလာတာစာရေးနဲ့ လာဇီယိုအသင်းတွေကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ အဲလက်စ်တော့ ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ဖယ်ရန်ဗာရို့စ်အသင်း နဲ့အတူ ပြိုင်ပွဲစုံ ၅၂ ပွဲကစားကာ လေးဂိုးသွင်းယူနိုင်ခဲ့ကာ ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် ၉ ပွဲကစားထား ပါတယ်။ (NVS 008)
21 Jan