“ဆီနီဂေါအသင်းရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ဆိုတဲ့ အင်ဖန်တီနို”

21 Jan

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို က အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာ ချန်ပီယံ ဆီနီဂေါအသင်း ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆီနီဂေါအသင်းဟာ ဂိုးမရှိသရေကျနေချိန် နာကျင်အချိန်ပို ခြောက်မိနစ်မှာ အိမ်ရှင် မော်ရိုကိုအသင်းကို ပယ်နယ်တီပေးလိုက်ရလို့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဆန္ဒပြတဲ့အနေနဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် မာနေး က ကွင်းထဲပြန်ဝင်ဖို့ ဖျောင်းဖြပြီးမှ ပွဲပြန်ကစားခဲ့တာဖြစ်ပါတယ်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနို က သူ့ရဲ့ Instagram ကနေ ဆီနီဂေါနည်းပြ၊ ကစားသမားတွေနဲ့ ပရိသတ်တချို့ကို ဝေဖန်ပြစ်တင်ခဲ့တဲ့အပြင် အာဖရိကဘောလုံးအဖွဲ့အချုပ်(CAF)အနေနဲ့ အခုဖြစ်ရပ်ကို သင့်တော်တဲ့ အရေးယူမှု ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ CAF ကလည်း ကြေညာချက်ထုတ်ပြန်ပြီး အရေးယူမှု ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .