“ဂူဟီ ကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ မန်စီးတီးအသင်း”

21 Jan

မန်စီးတီးအသင်း က ခရစ္စတယ်ပဲလေ့စ်အသင်း ကစားသမား မက်ဂူဟီ ကို ၂၀၃၁ ခုနှစ်အထိ စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ မန်စီးတီးအသင်းက အင်္ဂလန်နောက်ခံကစားသမား ဂူဟီ ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ အပြင် အပိုဆုကြေးနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂူဟီ ဟာ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်က ဆေးစစ်မှု ခံယူခဲ့ရပြီး ၂၀၃၁ ခုနှစ်အထိ ငါးနှစ်ခွဲသက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဂယ်ဗာဒီယောလ်၊ ဒီယက်စ်နဲ့ စတုန်းစ်တို့ ဒဏ်ရာပြဿနာ ရှိနေလို့ ဂူဟီ ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂူဟီ နဲ့ မကြာသေးခင်က ခေါ်ယူခဲ့တဲ့ ဆယ်မန်ညို တို့ဟာ ချန်ပီယံလိဂ် လက်ကျန်ပွဲတွေမှာတော့ ယှဉ်ပြိုင်ကစားရမှာ မဟုတ်ဘဲ လာမယ့်စနေနေ့ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ အသင်းသစ်အတွက် ပွဲထွက်ကစားဖို့ ရှိနေပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .