“အာဆင်နယ်အသင်းမှာ ဆက်ရှိနေချင်တယ်လို့ဆိုတဲ့ ဂျီးဇက်”

21 Jan

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဇက် က လက်ရှိစာချုပ်သက်တမ်းနောက်ပိုင်းမှာလည်း အသင်းမှာ ဆက်ကစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျီးဇက် က ကလပ်အနေနဲ့ သူ့ကိုစာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိသေးဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ ဂျီးဇက် ဟာ ဒူးဒဏ်ရာကြောင့် ၁၁ လကြာ အနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး တိုက်စစ်မှူး ဂျိုကာရက်စ်၊ ဟားဗက်ဇ်တို့နဲ့ အပြိုင်နေရာလုနေရပါတယ်။ ဂျီးဇက် နဲ့ အာဆင်နယ်နည်းပြ အာတေတာ တို့ နှစ်ဦးစလုံးက အခုဇန်နဝါရီလမှာ အသင်းက ထွက်ခွာတော့ မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဂျီးဇက် ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ (NVS 008)

21 Jan

ADVERTISE HERE .