“ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌသစ်အဖြစ် ဘရာတီယာဂျနေတာပါတီ ရွေးချယ်”
21 Jan
အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဘရာတီယာဂျနေတာပါတီ(ဘီဂျေပီ)သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှ လွှတ်တော်အမတ်တစ်ဦးကို ပါတီဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၀ ရက်တွင် ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အသက် ၄၅ နှစ်ရှိ နီတင်နာဘင်းသည် ဘရာတီယာဂျနေတာပါတီ အတွက် အသက်အငယ်ဆုံးပါတီဥက္ကဋ္ဌ ဖြစ်သည်။ ဘီဟာပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းသည် ဘရာတီ ယာဂျနေတာပါတီအကြီးအကဲနေရာကို လက်ရှိပါတီဥက္ကဋ္ဌဂျေပီနာဒါးထံမှ လက်လွှဲရယူမည် ဖြစ်သည်။ ဘရာတီယာဂျနေတာပါတီသည် အဓိကပြည်နယ်ကြီးများ၌ ရွေးကောက်ပွဲမကျင်းပမီ ပါတီဥက္ကဋ္ဌအသစ် အဖြစ် အနောက်ဘင်ဂေါလ်ပြည်နယ်လွှတ်တော်အမတ် နီတင်နာဘင်းကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။ နီတင်နာဘင်းကို ဘရာတီယာဂျနေတာပါတီဥက္ကဋ္ဌသစ်အဖြစ် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီနှင့်အခြား ပါတီထိပ်တန်းခေါင်းဆောင်များက အဆိုပြုခဲ့ခြင်းဖြစ်သည်။ နီတင်နာဘင်းသည် ဘရာတီယာဂျနေတာပါတီ၏ ၁၂ ဦး မြောက် ပါတီဥက္ကဋ္ဌဖြစ်လာမည်ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။