“လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးအတွက် တစ်ဦးလျှင်အများဆုံးကျပ် ၁၀ သိန်းနှုန်း ထောက်ပံ့ပေးလျက်ရှိ”

21 Jan

လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးအတွက် ၄င်းတို့ဆောင်ရွက်လိုတဲ့ ဒေသနှင့်ကိုက်ညီသော ဝင်ငွေရလုပ်ငန်းများဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်းနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းစတဲ့လုပ်ငန်းများအတွက် တစ်ဦးလျှင် အများဆုံးကျပ် ၁၀ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းထူထောင်နိုင်‌ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခြင်းဖြင့် နောက်ထပ်လူကုန်ကူးခံရခြင်းကို ကာကွယ်နိုင်မည် ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး က လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိလူကုန်ကူးခံရသူများအတွက် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့မှာ ဖွင့်လှစ်ထားပြီး ဂေဟာမရှိသည့်ဒေသများ၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းများမှာ ယာယီလက်ခံစောင့်ရှောက်ပေးနေကြောင်း သိရပါတယ်။ (NVS 004)

21 Jan

ADVERTISE HERE .