“ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်ပွဲတော် ပြုလုပ်မည်”

21 Jan

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ ၃၀ ရက်မှစတင်ကာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်မှာ ပြုလုပ်မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်အထိ ဈေးရောင်းပွဲတော်၊ အဆို၊ အက၊ မျက်လှည့်တို့အပြင် ကလေးငယ်များအတွက် talk show စတဲ့ တင်ဆက် ဖြေဖျော်မှု များ ပါဝင်မှာဖြစ်ကြောင်းလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ သိရပါတယ်။ တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)က အရှေ့တောင်အာရှနိုင်ငံများမှာ သက်တမ်းအရှည်ကြာဆုံး တိရစ္ဆာန်ဥယျာဥ် တစ်ခုဖြစ်ပြီး ၁၉၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 004)

21 Jan

ADVERTISE HERE .