“မြန်မာ့ပြောင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ ထိုင်းနိုင်ငံသို့ တင်ပို့မည်”
21 Jan
လာမယ့်ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့ ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ တင်ပို့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာမှာ ရန်ကုန်ဆိပ်ကမ်းမှ ဘန်ကောက်ဆိပ်ကမ်းများသို့ လည်းကောင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းမှလည်းကောင်း၊ တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့်တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်မှာ ယခင်နှစ်က တန်ချိန်ပမာဏအတိုင်း တင်ပို့နိုင်ရန် စီစဥ်ထားကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းစိုက်ဧက ၂ သန်းကျော် ရှိပြီး တန်ချိန် ၃ သန်းကျော်ထွက်ရှိကာ ပြည်တွင်းသုံးစွဲမှုအနေနဲ့ ပြောင်းတန်ချိန် ၁ သန်းခန့်ရှိပြီး ပြည်ပကို တန်ချိန် ၂ သန်းကျော် နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)