“၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ မြန်မာအသင်း”

20 Jan

၂၀၂၆ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းဟာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နဲ့အတူ အုပ်စု(B) မှာ ကျရောက်ခဲ့ ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ ၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇန်နဝါရီလ ၁၉ ရက်က ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့ပြီး အုပ်စု (A) မှာ အိမ်ရှင်ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား အသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ ၂၀၂၆ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ခိုရတ်မြို့မှာ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ်လ ၂ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းကို လေးသင်း တစ်အုပ်စုနဲ့ သုံးသင်း တစ်အုပ်စုခွဲပြီး ပထမအဆင့်အနေနဲ့ ကျင်းပမှာဖြစ်ကာ အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းစီ ဆီမီးဖိုင်နယ်ကို တက်ရောက်ကစားခွင့် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နှစ်နှစ်လျှင်တစ်ကြိမ်နဲ့ ၂၀၂၆ ခုနှစ်မှာ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းဟာ ယခုပြိုင်ပွဲအတွက် ဇန်နဝါရီလ ၁၉ ရက်ကစပြီး တစ်လဝန်းကျင် အချိန်ယူပြင်ဆင်ရမှာဖြစ်ပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .