“အန်ဇိုဖာနန်ဒက်ဇ် ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်ပေါ်လာ”
20 Jan
ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ် ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသက် ၂၅ နှစ်ပြည့်ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ် ဟာ ၂၀၂၃ ဇန်နဝါရီလမှာ ဘင်ဖီကာအသင်း ကနေ ချဲလ်ဆီးအသင်းကို ယူရို ၁၂၁ သန်း၊ ပေါင် ၁၀၆ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဗြိတိန်ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ် ကို ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အဓိကကစားသမားအဖြစ်လည်း ရပ်တည်နေပေမယ့် ကြိုက်စျေးရပါက ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အန်ဇိုဖာနန်ဒက်ဇ် ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းနဲ့ PSG အသင်းတို့က စိတ်ဝင်စားနေကြပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့နည်းပြသစ် လီယမ်ရိုစီနီယာ ကတော့ အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားထားပါတယ်။ (NVS 008)