“စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်မှာ အယ်လ်ဘာစီတီအသင်းနဲ့ တွေ့ဆုံနေတဲ့ ဘာစီလိုနာအသင်း”

20 Jan

၂၀၂၅-၂၆ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုကို ပြုလုပ်ခဲ့ရာမှာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို ကျော်ဖြတ်ခဲ့တဲ့ အယ်လ်ဘာစီတီအသင်းနဲ့ ဆုံတွေ့ခဲ့ကြောင်း သိရပါတယ်။ ကွာတားဖိုင်နယ်ပွဲစဥ်တွေမှာ အလာဗတ်စ် - ဆိုစီဒက်၊ ဗလင်စီယာ - ဘီလ်ဘာအို၊ ဘက်တစ် - အက်သလက်တီကို တို့တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဥ်တွေကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၅ ရက် အတွင်း တစ်ကျော့တည်း ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .