“ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တဲ့ မီတိုမာ”
20 Jan
ဘရိုက်တန်တောင်ပံတိုက်စစ်ကစားသမား မီတိုမာ ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်တဲ့ တတိယမြောက် ဂျပန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မီတိုမာ ဟာ ဘုန်းမောက်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ပွဲထွက်ကစားပြီး အဆိုပါမှတ်တမ်းကို ပိုင်ဆိုင် ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်နောက်ခံလူဟောင်း ယိုရှီဒါက ၁၅၄ ပွဲ၊ လက်စတာ တိုက်စစ်မှူး ဟောင်း အိုကာဇာကီ က ၁၁၄ ပွဲ ပိုကစားထားခဲ့ပါတယ်။ အိုကာဇာကီ ဟာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်တဲ့ တစ်ဦးတည်းသော ဂျပန်ကစားသမားလည်း ဖြစ်ပါတယ်။ မီတိုမာအနေနဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ မှာ ၇၆ ပွဲကို ပွဲထွက်ကစားခဲ့ပြီး ၂၄ ပွဲကို လူစားဝင်ကစားခဲ့ပါတယ်။ မီတိုမာ ဟာ ၂၀၂၁ ခုနှစ် က ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးအသင်းကနေ ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂ ဒသမ ၇ သန်းနဲ့ ရောက်ရှိလာပြီး ၂၀၂၁-၂၂ ရာသီမှာတော့ ဘယ်လ်ဂျီယံ ကလပ် ဆန်လွိုက်ဆီအသင်းမှာတစ်ရာသီ အငှားကစားခဲ့ရပါတယ်။ မီတိုမာ ဟာ ပရီးမီးယားလိဂ်ပွဲ ၁၀၀ မှာ ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)