“ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ”
20 Jan
ရုရှားသမ္မတဗလာဒီမာပူတင်သည် ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်နေရာအတွက် ဖိတ်ကြားခြင်း ခံရ ကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်ထားသည်။ ထိုငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် နိုင်ငံတကာ အတိုင်းအတာအနေဖြင့် ပဋိပက္ခများကိုဖြေရှင်းရန်၊ ဂါဇာဒေသအတွင်းအုပ်ချုပ်မှုနှင့်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို အမေရိကန် သမ္မတကဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင် များကိုပါ ထိုအဖွဲ့တွင်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိတ်ကြားချက်အပေါ် ရုရှားအစိုးရက သေချာစွာလေ့လာသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ပြောသည်။ ပဋိပက္ခများကိုဖြေရှင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ကြိုးပမ်းမှုများကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ချီးကျူးထားသည်။ “သူက နှစ်ပေါင်းများစွာတင်မက ဆယ်စုနှစ် များစွာကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခများကိုဖြေရှင်းဖို့ များစွာကြိုးပမ်းခဲ့ပါတယ်” ဟု ထရမ့်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပြောသည်။ အကယ်၍ ထရမ့်၏ကြိုးစားမှုအတိုင်း အကောင်အထည်ပေါ်ခဲ့ပါက ထိုအောင်မြင် မှုများမှာ သမိုင်းဝင်လာမည်ဖြစ်ကြောင်း ပူတင်က ပြောထားသည်ဟု SCMP သတင်းဌာန ဖော်ပြချက် အရ သိရသည်။