“ဥရောပသမဂ္ဂက အမေရိကန်အပေါ် သွင်းကုန်အခွန် ၉၃ ဘီလီယံအထိ တိုးမြှင့်ကောက်ခံရန် စဉ်းစားနေဟုဆို”

20 Jan

ဥရောပသမဂ္ဂက အမေရိကန်အပေါ်သွင်းကုန်အခွန် ယူရို ၉၃ ဘီလီယံအထိတိုးမြှင့်ကောက်ခံရန် သို့မဟုတ် ဥရောပဈေးကွက်သို့ အမေရိကန်ကုမ္ပဏီများဝင်ရောက်လုပ်ကိုင်ခွင့်ကို ကန့်သတ်သွားရန် စဉ်းစားနေကြောင်း Financial Times သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်သမ္မတက ဂရင်းလန်းကျွန်းကိုရယူမည့် ကိစ္စနှင့် ပတ်သက်၍ ထိုကိစ္စအပေါ်ကန့်ကွက်သည့်ဥရောပနိုင်ငံများကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက် ပြီးနောက် ဥရောပသမဂ္ဂက ယခုကဲ့သို့စီစဉ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂအနေဖြင့် သွင်းကုန်အခွန် တိုးမြှင့် ကောက်ခံမည့်ကုန်ပစ္စည်းစာရင်းကို ပြီးခဲ့သည့်နှစ်ကတည်းက ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမှုကို ရှောင်ရှားလိုခြင်းကြောင့် ယင်းသို့သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမှုကို ဆိုင်းငံ့ ခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဆိုင်းငံ့ထားသောသွင်းကုန်အခွန်တိုးမြှင့် ကောက်ခံမှုကို ပြန်လည်အသက်သွင်းရန် ဥရောပသမဂ္ဂမှကိုယ်စားလှယ်များက ဇန်နဝါရီလ ၁၈ ရက်တွင် ဆွေးနွေး မှုများလုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုကိစ္စနှင့်ပတ်သက်၍ ရင်းနှီးသူများက ပြောသည်။ အမေရိကန်က သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံရန် ပစ်မှတ်ထားသော ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ဂရင်းလန်းကျွန်းအရေးနှင့်ပတ်သက်၍တစ်သားတည်းရှိသည်ဟု ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Jan

ADVERTISE HERE .