“ရန်ကုန်မြို့ လေထုအနီရောင်အဆင့်မှာ ဆက်လက်ရှိနေပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့် (၁၀) အထိ ရောက်ရှိလာဟု EHS Myanmar ထုတ်ပြန်”
20 Jan
ရန်ကုန်မြို့လေထုက အနီရောင်အဆင့်မှာ ရှိနေတယ်လို့ Environment Health and Safety Myanmar (EHS myanmar) က ဇန်နဝါရီလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၉ ရက် နံနက် ၈ နာရီခွဲ၏ ရန်ကုန်မြိုလေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) မှာ အနီရောင်အဆင့် (Unhealthy)မှာ ဆက်လက်ရှိနေပြီး ကမ္ဘာအဆင့် (၁၀) သို့ ရောက်ရှိလာကြောင်း ဖော်ပြထားပါတယ်။ US AQI 175 နှင့် PM 2.5 level 85 µg/m³ (micrograms per cubic meter) ဖြင့် IQ Air ဖော်ပြချက်အရ လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၀) အဆင့်သို့ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေ ဖြစ်တာကြောင့် အဆုတ်ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိစေနိုင်သည့် အနေအထားဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ တနင်္လာနေ့မနက်ပိုင်း ရုံးတက်ချိန်၊ ကျောင်းတက်ချိန်များဖြစ်တဲ့အတွက် မော်တော်ယာဉ်အသုံးပြုမှုများခြင်း နှင့် ရာသီဥတုအပူချိန်ကျဆင်းလာခြင်းကြောင့် လေထုအရည်အသွေး ပိုမိုဆိုးရွာလာတယ်လို့ ယူဆနိုင်ကြောင်း ဖော်ပြထားပါတယ်။ ရန်ကုန်မြို့တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် အပြင်ထွက်ကြမည့်အချိန် PM 2.5 ကာကွယ်နိုင်မည် MASK များ မဖြစ်မနေ တပ်ဆင်သွားလာသင့်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)