“သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်နိုင်ရေး ဆောင်ရွက်နေ”
20 Jan
သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်နိုင်ရေးနှင့် သူနာပြုများ၏ ရာထူး တိုးမြှင့်ရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံးကိုသွားရောက်ပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သားသမီးမရတဲ့ ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေတဲ့ Fertility Centre ကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးက ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံမှာ အကြီးဆုံးကုသရေးဌာနဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။ (NVS 004)