“မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံသားများ ဇန်နဝါရီလ ၂၇ ရက်မှစတင်ကာ ဗီဇာကင်းလွတ်ခွင့်ပြု”
20 Jan
ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာ မင့်စ်မြို့တွင် လက်မှတ် ရေးထိုးခဲ့သော နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ သဘောတူညီ ချက်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၂၇ ရက်မှ စတင်၍ အကျိူးသက်ရောက်တော့မှာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ ရုရှားနိုင်ငံသားများက အမြဲတမ်းနေထိုင်ခွင့်၊ ပညာရေး သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် ဆိုင်ရာ အကြောင်းအရာများနှင့် မသက်ဆိုင်ပါက မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခြင်းအတွက် ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ရှိမည်ဖြစ်ပြီး စုစုပေါင်း နေထိုင်ချိန်က ပြက္ခဒိန်နှစ်တစ်နှစ်မှာ ရက်ပေါင်း ၉၀ ထက် မပိုရပေ။ ဒါ့အပြင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့ မြန်မာနိုင်ငံသားများကလည်း အလားတူအခွင့်အရေးများ ရရှိမည်ဖြစ်ပါတယ်။ (NVS 004)
20 Jan