“အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရန်မှာကြား”

20 Jan

နည်းပညာခေတ်ဖြစ်၍ စစ်နည်းဗျူဟာများပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းမှာ ကျိုင်းတုံတပ် နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ ပြောင်းလဲ တိုးတက်လာနေတဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေအပေါ်မူတည်ပြီး စစ်နည်းဗျူဟာတွေကို ပြောင်းလဲကျင့်သုံး နိုင်ဖို့ သုတေသနပြုဆောင်ရွက်နေကြောင်း၊ သမားရိုးကျစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီမွမ်းမံနိုင်ဖို့နဲ့ အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြများအနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များအ လိုက်ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုအပ်ကာ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေးတို့ကိုလည်း အဆင်ပြေချောမွေ့မှုရှိအောင် စီမံဆောင်ရွက်ပေးရမည့်နည်းတူ ရပိုင်ခွင့်များအားလုံးရရှိအောင်လည်း ကြပ်မတ် ဆောင်ရွက်ပေးရမယ်လို့ မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းများ၏တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည် တစ်ဦးချင်းစီ၏ အရည်အသွေးများတိုးတက်လာအောင် လေ့ကျင့်ပေးခြင်းဖြစ်ရာ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်ပါက လုံးဝလျှော့ပေါ့၍ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ်လေ့ကျင့်ရန်လိုအပ်ကာ လေ့ကျင့်သား ပြည့်ဝမှသာ တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိများကောင်းမွန်လာမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ကောင်းမွန် တဲ့ ရလဒ်ကိုဖော်ဆောင်နိုင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သင်တန်းကျောင်းမှာ လက်တွေ့စစ်မြေပြင်သဖွယ်ဖန်တီးပြီး လေ့ကျင့်ပေးဖို့လိုကြောင်း သင်တန်းကျောင်း တွေက စနစ်တကျလေ့ကျင့်မွေးထုတ်ပေးလိုက်နိုင်မှသာ စစ်သည်တော်ကောင်းတွေရရှိလာမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ မိမိတို့ လေ့ကျင့်မွေးထုတ်ပေးလိုက်တဲ့ စစ်သည်တော်များက ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သန်စွမ်း သူများဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုနိုင်ရမည်ဖြစ်ကာ နိုင်ငံတော်ကာကွယ်ရေး အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်၍ လေ့ကျင့်ရေးတာဝန်များကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။ (NVS 004)

20 Jan

ADVERTISE HERE .