“ဆီထွက်သီးနှံ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုပမ်းဆောင်ရွက်သွားရန်လိုအပ်”
20 Jan
ဆီထွက်သီးနှံများဟာ ပြည်တွင်းမှာ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်တာကြောင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၉ ရက်မှာ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက် နေကြောင်း တိုင်းပြည်၏ စီးပွားရေးတိုးတက်စေလိုပါက အမှန်တကယ်လုပ်လုပ်ကြရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်၍ရတဲ့ စားသောက်ကုန်များကို ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုများ များစွာလျော့ကျလာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးက တက်လာမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်းစားရေးဖူလုံမှုကို ဖော်ဆောင် ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့်ထုတ်လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကို ဖြစ်ပေါ် စေမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းနေထိုင်ကြသူများစားရေးကို သက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံစွာထုတ်လုပ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း လည်း ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ (NVS 004)