ရီးရဲလ်မက်ဒရစ်အသင်းက ကာမာဗင်ဂါ အတွက် စတာလင်ပေါင် သန်း ၇၀ သတ်မှတ်
19 Jan
ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ကစားသမား ကာမာဗင်ဂါ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ သတ်မှတ်ခဲ့ကြောင်း Marca သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကာမာဗင်ဂါ အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ရင်းနက်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အစောပိုင်း နှစ်များတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေ ရသူဖြစ်ပါတယ်။ နောက်ပိုင်းနှစ်များတွင် ခြေစွမ်းပိုင်းကျဆင်းနေမှုများကြောင့် ရီးရဲလ်အသင်းက လက်ရှိဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချရန်ဆုံးဖြတ်ခဲ့ပါတယ်။ ကာမာဗင်ဂါ ကို ရင်းနက်အသင်းတွင် ကစားစဉ် ကတည်းက ပရီးမီးယားလိဂ် ကလပ်အသင်းကြီးများက ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်က ရီးရဲလ်အသင်းသို့သာ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် ကာမာဗင် ကို ကွင်းလယ်ပိုင်းလိုအပ်ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းက ခေါ်ယူရန်ကြိုးပမ်း နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၇၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)