ဘန်လေအသင်းနှင့် သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းက နည်းပြသစ်ခန့်အပ်ရန် ချိတ်ဆက်မှုများလုပ်ဆောင်
19 Jan
လီဗာပူးလ်အသင်းတာဝန်ရှိသူများက ဘန်လေအသင်းနှင့် သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အသင်းနည်းပြ စလော့ ရဲ့ စွမ်းဆောင်ရည်များကို ကျေနပ်မှုမရှိတဲ့အတွက် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် နည်းပြသစ် ချိတ်ဆက်မှုများ စတင်လုပ်ဆောင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းတာဝန်ရှိသူများက အစောပိုင်းမှာ နည်းပြ စလော့ ကို ထောက်ခံမှုများပြုလုပ်ထား သော်လည်း ဘန်လေအသင်းနှင့်ပွဲစဉ်တွင် သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းကို ထုတ်ပယ်ပြီး နည်းပြသစ် အစားထိုးရန် စတင်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ နည်းပြစလော့ က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များ မတည်မငြိမ်ဖြစ်နေတဲ့အတွက် လီဗာပူးအသင်း တာဝန်ရှိသူများက နည်းပြသစ် အပြောင်းအလဲ လုပ်ဆောင်လိုနေခြင်းဖြစ်ပါတယ်။(NVS 008)