ရီးရဲလ်အသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် နည်းပြသစ်အဖြစ် ကလော့ပ် ကိုခန့်အပ်ပြီး တိုက်စစ်ပိုင်း အတွက် ဟာလန်း ကိုပါခေါ်ယူရန် ပြင်ဆင်နေ

19 Jan

ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် နည်းပြသစ်အဖြစ် လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ် ကိုခန့်အပ်ရန် ကြိုးပမ်းနေပြီး အသင်းတိုက်စစ်ပိုင်းအတွက်လည်း မန်းစီးတီးအသင်းမှ ဟာလန်း ကိုပါခေါ်ယူရန် ပြင်ဆင်နေကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်အသင်းက ယခုနှစ်ဘောလုံးရာသီတွင် နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်းနှင့် အောင်မြင်မှုများ ရယူခဲ့သည့် နည်းပြ အလွန်ဆို ကို ခန့်အပ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်များမတည်မငြိမ် ဖြစ်နေ မှုနှင့်အတူ အသင်းကစားသမားများနှင့် နည်းပြကြား ဆက်ဆံရေးအဆင်မပြေမှုများရှိခဲ့လို့ နည်းပြ အလွန်ဆို ကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီကုန်ထိနည်းပြအဖြစ် လူငယ်အသင်းနည်းပြ အာဘီလိုအာ ကို ခန့်အပ်ခဲ့ပြီး ရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် လီဗာပူးလ်အသင်းနှင့် အောင်မြင်မှုများရယူခဲ့သည့် နည်းပြကလော့ပ် ကို နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ လက်ရှိတွင် အသင်းအခြေအနေများကြောင့် အသင်းဥက္ကဋ္ဌ ပီရက်ဇ် အနေဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရတာကြောင့် ဘောလုံးရာသီအကုန်တွင် နည်းပြ ကလော့ပ် ကို ခန့်အပ်မည့်အပြင် အသင်းတိုက်စစ်ပိုင်းအတွက် ဟာလန်း ကိုပါ ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

19 Jan

ADVERTISE HERE .