၂၀၂၅ ခုနှစ်အတွက် 433 Awards ဆုကို ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား ရာဖင်ဟာ ဆွတ်ခူးရရှိ

19 Jan

ကမ္ဘာ့ထိပ်တန်း အားကစားသတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ 433 Football ကပေးအပ်သော ၂၀၂၅ ခုနှစ် အတွက် 433 Awards ဆုကို ရီးရဲလ်တိုက်စစ်မှူး အမ်ဘတ်ပီ ကိုကျော်ဖြတ်ပြီး ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား ရာဖင်ဟာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ 433 Football 433 Awards ဆုကို ဆန်ခါတင်ကစားသမားရွေးချယ်ပြီး ပြိုင်ပွဲတစ်ခုအသွင်ဖြင့် ၁၆ ဦး အဆင့်မှစတင်ကာ ပရိသတ်များထံမှ ဆန္ဒမဲကောက်ခံ၍ စိစစ်ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်။ ရာဖင်ဟာ က ၁၆ ဦးအဆင့်တွင် ပီအက်စ်ဂျီအသင်းမှ ဗီတင်ဟာ၊ ကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီး အသင်းမှ ဟာလန်း၊ ဆီမီးဖိုင်နယ်အဆင့်တွင် အသင်းဖော် ပက်ဒရီ နှင့် ဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အမ်ဘတ်ပီ ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ ရာဖင်ဟာသည် ၂၀၂၅ ခုနှစ်အတွင်း ဘာစီလိုနာ အသင်းနှင့်အတူ ထိပ်တန်းအဆင့်ခြေစွမ်းပြနိုင်ခဲ့သော် လည်း Ballon d'Or ဆု၊ ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ဥရောပတစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆု၊ Globe Soccer Award ဆုတို့နှင့် လွဲချော်ခဲ့ပြီး 433 Awards ဆုကိုသာ ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

19 Jan

ADVERTISE HERE .