(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်

19 Jan

(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ‘ဆေးသုတေသနဆောင်ရွက်မှုများ မှသည် ပိုမိုကောင်းမွန်သော ကျန်းမာရေးဆီသို့ (Better Health through Medical Research)’ ဆောင်ပုဒ်နှင့် ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါညီလာခံတွင် သုတေသနစာတမ်း ၇၁ စောင်နှင့် သုတေသနပိုစတာ ၄၅ စောင်တို့ကို တင်သွင်း ဖတ်ကြားပြသသွားရန် စီစဉ်ထားရှိကာ ပြည်တွင်း၊ ပြည်ပမှ သုတေသီများ တက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ဟောပြောပွဲ Symposium လေးခုနှင့် Scientific Talk နှစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်(၅) ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။(NVS 004)

19 Jan

ADVERTISE HERE .