IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို သီတဂူဆရာတော်ကြီးက ဘွဲ့တံဆိပ်များအပ်နှင်း

19 Jan

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ IBEC ဗုဒ္ဓတက္ကသိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက် နံနက် ၈ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူဆရာ တော်ကြီး ကြွရောက်၍ ဘွဲ့တံဆိပ်များ အပ်နှင်းတော်မူခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် သီတဂူဆရာတော်ကြီးက ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီး ဩဝါဒကထာများ ချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်သောဘိတ မှ ဂုဏ်ပြုမိန့်ခွန်း မိန့်ကြားတော်မူခဲ့ပါတယ်။ ထို့နောက် သီတဂူဆရာတော်ကြီးက ဗုဒ္ဓဒေသနာမဟာဝိဇ္ဇာ(MA)ဘွဲ့ရ ၁၇ ပါး၊ ဗုဒ္ဓဒေသနာဝိဇ္ဇာ(BA) ဘွဲ့ရ ၁၆ ပါး၊ သာသနာ့နုဂ္ဂဟဓမ္မာစရိယဘွဲ့ရ ၁ ပါး၊ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ၄ ပါးနှင့် အင်္ဂလိပ်စာသင်တန်းဆင်း လက်မှတ်ရရှိသူ ၂၂ ဦးတို့ ဘွဲ့လက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်တော်မူခဲ့ကြောင်း သိရပါတယ်။(NVS 004)

19 Jan

ADVERTISE HERE .