အာတိတ်ဒေသ၌ NATO တပ်ဖွဲ့၏စစ်အင်အားတိုးမြှင့်မှု တင်းမာမှုကို ပိုမိုဖြစ်ပေါ်စေ

18 Jan

အာတိတ်ဒေသ၌ NATO တပ်ဖွဲ့၏ စစ်အင်အားတိုးမြှင့်ဖြန့်ကြက်လာမှုက လက်ရှိဖြစ်ပေါ်နေသော တင်းမာ မှုများကို ပိုမိုတိုးမြင့်လာစေမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးက ပြောသည်။ ထို့ပြင် အာတိတ်ဒေသအတွင်း NATO တပ်ဖွဲ့၏လှုပ်ရှားမှုများမြင့်တက်လာခြင်းကိုလည်း ရုရှားနိုင်ငံက စိုးရိမ်မကင်းဖြစ် နေကြောင်း ရုရှားသံအမတ်ကြီး နီကိုလိုင်းကော်ချူနော့က ပြောသည်။ သာမန်နယ်မြေလေးတစ်ခုတွင် NATO တပ်ဖွဲ့၏တည်ရှိမှုကိုတိုးမြှင့်လာခြင်းက လုံခြုံရေးကိုပိုမိုတိုးမြင့်စေမည်မဟုတ်ဘဲ တင်းမာမှုများကိုသာ မြင့်တက် လာစေမည်ဖြစ်ကြောင်း နီကိုလိုင်းကော်ချူနော့က မှတ်ချက်ပြုပြောသည်။ ရုရှားအစိုးရသည် အာတိတ်ဒေသ၌သာမက နိုင်ငံ၏အနောက်ဘက်နယ်စပ်ဒေသများ၌ NATO တပ်ဖွဲ့၏ စစ်အင်အားတည်ဆောက်မှုများကို လွန်ခဲ့သည့်နှစ်များစွာကတည်းက အကြိမ်ကြိမ်ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် မည်သည့်နိုင်ငံကိုမျှ စိုးရိမ်ပူပန်မှုဖြစ်စေမည်မဟုတ်သော်လည်း နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်သည်ဟု မှတ်ယူနိုင်သောအန္တရာယ်ရှိသည့်အခြေအနေများ ဖြစ်ပေါ်လာ ခြင်းကိုမူ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း အစောပိုင်းတွင် ထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

18 Jan

ADVERTISE HERE .