ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရာသီကုန်မှာ လမ်းခွဲတော့မယ့် နည်းပြ ဂလက်စနာ
17 Jan
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာ က ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲတော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် သြစတြီးယားနိုင်ငံသားဖြစ်သူ ဂလက်စနာ နဲ့ ပဲလေ့စ်အသင်းတို့ရဲ့စာချုပ်က လက်ရှိဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ ဂလက်စနာ အနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဖလားအဖြစ် ပြီးခဲ့တဲ့ရာသီက FA ဖလားကို ရယူပေးခဲ့ပြီး ရာသီကြို ကွန်မြူနတီဒိုင်းကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဂလက်စနာ ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ကြောင်း အသင်းဥက္ကဋ္ဌထံသို့ အသိပေးခဲ့တာဖြစ်ပါတယ်။(NVS 008)
17 Jan