ပွဲကစားခွင့် ပုံမှန်ရလိုကြောင်း တောင်းဆိုခဲ့တဲ့ ရော်ဘတ်ဆန်
17 Jan
လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန် က အသင်းမှာဆက်နေဖို့အတွက် ပုံမှန်ကစားခွင့် ရလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရော်ဘတ်ဆန် နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ် သက်တမ်းက လက်ရှိရာသီအကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး ရော်ဘတ်ဆန် က အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဟူးလ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့တဲ့ ရော်ဘတ်ဆန် ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၆၂ ပွဲ ကစားပေးထားခဲ့ပြီး နည်းပြ ကလော့ပ် လက်ထက်မှာ အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိနွေရာသီမှာ ဘုန်းမောက်အသင်းရဲ့ ဘယ်နောက်ခံလူ ကာကက်ဇ် ကိုခေါ်ယူခဲ့ပြီးနောက် ရော်ဘတ်ဆန် ရဲ့ ပွဲထွက်ကစားခွင့်က အကန့်အသတ်နဲ့သာ ရှိလာခဲ့တာကြောင့် အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပုံမှန်ကစားခွင့် မရပေမယ့် အသင်းနဲ့ဆက်ဆံရေးက အခြေအနေကောင်းမွန်နေသလို အသင်းဖော်တွေနဲ့လည်း ပြဿနာမရှိတာဖြစ်လို့ စာချုပ်သစ်ချုပ်ပြီး အသင်းမှာဆက်နေဖို့ကို ဆန္ဒရှိတယ်လို့ ရော်ဘတ်ဆန် က ပြောခဲ့ပါတယ်။(NVS 008)