နစ္စတယ်ရွိုင်း ကို နယ်သာလန်အသင်း လက်ထောက်နည်းပြ ခန့်အပ်
17 Jan
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်း ကို ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၄၉ နှစ်အရွယ် နစ္စတယ်ရွိုင်း က လက်ရှိ လက်ရွေးစင်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်း နဲ့ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နယ်သာလန်အသင်းက အစောပိုင်းမှာ ရော်နယ်လ်ကိုးမန်း ရဲ့အစ်ကို အာဝင်ကိုးမန်း၊ ကွင်းလယ်လူဟောင်း ဝင်းဂျုံ့ခ် တို့ကိုလည်း ခန့်အပ်ထားခဲ့တာကြောင့် လက်ထောက်နည်းပြအဖြစ် သုံးဦးအထိရှိလာပြီး မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဟောင်း နီဂျယ်ဒီယွန်း က နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်း အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစတင်ပြီး အဆိုပါရာထူးကို တရားဝင်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။(NVS 008)
17 Jan