ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူဖို့အထိ စဉ်းစားခဲ့တဲ့ မာတီနက်ဇ်

17 Jan

ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရချိန်က ဘဝရဲ့အမှောင်မိုက်ဆုံး အချိန်တွေဖြစ်ခဲ့ပြီး ကစားသမားဘဝက အနားယူဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့ မန်ယူနောက်ခံလူ မာတီနက်ဇ် က ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို အာဂျင်တီးနားနဲ့ ရယူနိုင်ခဲ့တဲ့ မာတီနက်ဇ် က ၂၀၂၂-၂၃ ဘောလုံးရာသီ အကုန်မှာ ခြေဖဝါးဒဏ်ရာနဲ့စတင်ခဲ့ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ဖေဖော်ဝါရီမှာတော့ မာတီနက်ဇ် ဟာ ဒူးအရွတ်ဒဏ်ရာရခဲ့ပြီး ၁၀ လခန့်အထိ အနားယူခဲ့ရပါတယ်။ ဒူးအရွတ်ဒဏ်ရာရပြီးချိန်မှာ ဘောလုံးဆက်ကစားလိုစိတ် မရှိတော့တဲ့အထိ ခံစားခဲ့ရပြီး ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်မှုများ ခံစားခဲ့ရကြောင်း မာတီနက်ဇ် က ပြောခဲ့ပါတယ်။ ကစားသမားဘဝ ပြန်လည်လှုပ်ရှားလာနိုင်အောင် ကူညီပေးခဲ့တဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဆရာဝန်က ကူညီပေးမှုအပေါ် မာတီနက်ဇ် က ချီးကျူးခဲ့ပြီး ဘောလုံး ပြန်ကစားနိုင်အောင် အဓိကလှုံ့ဆော်ပေးခဲ့တဲ့အရာက သမီးလေးမွေးဖွားမှုဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် မာတီနက်ဇ် ဟာ နိုဝင်ဘာ ၃၀ ရက်မှာကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲမှာ ပထမဆုံး အကြိမ် ပြန်ကစားနိုင်ခဲ့သလို လက်ရှိမန်ယူအသင်းခံစစ်မှာလည်း အားထားရတဲ့ကစားသမားအဖြစ် ကစားနေပါတယ်။(NVS 008)

17 Jan

ADVERTISE HERE .