ပွဲဦးထွက်မှာ နိုင်ပွဲရှာတွေ့ခဲ့တဲ့ မန်ယူနည်းပြ ကာရစ်

17 Jan

မန်ယူအသင်းနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံထားရတဲ့ နည်းပြ မိုက်ကယ်ကာရစ် အနေနဲ့ ပွဲဦးထွက်အဖြစ် ခက်ခဲတဲ့မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာဧည့်ခံကစားပွဲ မန်ယူအသင်း နည်းပြဘဝကို နိုင်ပွဲဖြင့် စတင်နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုအားကြီးတဲ့ အစဉ်အလာအတိုင်း နှစ်သင်းလုံးက အဓိကကစားသမားများနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစဉ်အတွင်းမှာ မန်ယူအသင်းက မန်စီးတီးအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို မကြာခဏပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်မှာ အမ်ဘူမို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ဖန်တီးမှုနဲ့ အမ်ဘူမို က ဦး‌ဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ တိုက်စစ်မှူး ကွန်ညာ ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဒိုဂူ က ဒုတိယဂိုး သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်းက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲဦးထွက်မှာ ခက်ခဲတဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို အနိုင်ယူပြီး နိုင်ပွဲနဲ့စတင်ခဲ့တဲ့ နည်းပြ ကာရစ် အနေနဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်လက် ရရှိနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

17 Jan

ADVERTISE HERE .