ရွှေတိဂုံစေတီတော်တွင် ထမနဲထိုးပွဲတော်ကျင်းပမည်
17 Jan
ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကြီးကို ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ထမနဲပွဲတော်အတွက် တစ်ဒယ်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းသည့် အလှူရှင်များကို ဂေါပကအဖွဲ့မှ ထမနဲလက်ဆောင် (၄) ပုံ (၁) ပုံကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ ထမနဲထိုးပွဲတော်ကို ရွှေတိဂုံစေတီတော်၏ အရှေ့ဘက်မုခ်စောင်းတန်းအနီးရှိ ထန်းပင်ကုန်းကွင်းတွင် အဖိတ်နေ့ ညနေပိုင်း ၃ နာရီတွင် စတင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၅ နာရီတွင် စေတီတော်ကြီးအား ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပြီး ထမနဲ၊ မုန့်နှင့် သစ်သီးများကိုလည်း ကပ်လှူသွားမှာဖြစ်ပါတယ်။ ထမနဲအလှူရှင်များအတွက် ထမနဲလက်ဆောင်ကို ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းအထိ တစ်ဒယ်လျှင် (၄) ပုံ (၁) ပုံနှုန်း လက်ဆောင်ပြန်လည်ပေးဝေရန် စီစဉ်ထားသလို အဆိုပါပွဲတော်အတွက် အလှူခံ ဌာနကိုလည်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်းသိရပါတယ်။(NVS 004)