ဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သန်းကျော် တင်ပို့ထားရှိ
17 Jan
၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လတာအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇၄ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့ရာမှာ ဧပြီလမှာ ၁၄၂,၇၈၈ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ သန်း၊ မေလမှာ ၂၅၉,၅၀၁ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၁ သန်း၊ ဇွန်လမှာ ၂၁၂,၄၁၆ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လမှာ ၂၃၀,၆၇၂ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၇ သန်း ရရှိခဲ့ပါတယ်။ ထို့အတူ ဩဂုတ်လမှာ ၁၉၂,၉၈၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလမှာ ၁၆၈,၀၄၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ သန်း၊ အောက်တိုဘာလမှာ ၃၁၆,၉၂၀ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလမှာ ၂၆၃,၈၁၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ သန်းနဲ့ ဒီဇင်ဘာလမှာ ၃၃၁,၈၆၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လတာကာလအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုများအနက် ဒီဇင်ဘာလအတွင်း အများဆုံးတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ သန်းခန့် တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ နေတယ်လို့ သိရပါတယ်။(NVS 004)