ပဲလေ့စ်အသင်းနောက်ခံလူ ဂူဟီ ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီး
17 Jan
မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်း နောက်တန်းကစားသမား မက်ဂူဟီ ကို လက်ရှိဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဂူဟီ ရဲ့ပြောင်းရွှေ့ကြေးက ပေါင် သန်း ၂၀ ခန့်ရှိနိုင်ပြီး ပဲလေ့စ် အသင်းက ဂူဟီ ကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ရမှာဖြစ်လို့ လက်ရှိဈေးကွက်အတွင်း ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ မန်စီးတီးအသင်း နောက်ခံကစားသမားတွေဖြစ်တဲ့ ဒီယက်စ် နဲ့ ဂါဗာဒီယောလ် တို့ ဒဏ်ရာတွေရရှိနေခဲ့လို့ ဂူဟီ ကိုခေါ်ယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုများအပြီးမှာ ဂူဟီ အား ကာလရှည်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။(NVS 008)
17 Jan