ပြင်သစ်အသင်းကို ကိုင်တွယ်လိုကြောင်း နည်းပြ ဇီဒန်း ပြော
17 Jan
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်း က နည်းပြလောကသို့ ပြန်လာမည်ဖြစ်ကြောင်းနှင့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုကြောင်း ပြောခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဇီဒန်း က နည်းပြအဖြစ် ကူးပြောင်းချိန်တွင် ရီးရဲလ် မက်ဒရစ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ဖူးပြီး ချန်ပီယံလိဂ်ဖလားကို သုံးရာသီဆက် ရယူနိုင်ခဲ့ပါတယ်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ရီးရဲလ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ထိပ်သီးကလပ်အသင်းများစွာရဲ့ ချဉ်းကပ်ခြင်းကို ခံခဲ့ရသော်လည်း လက်မခံခဲ့ဘဲ လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာ နည်းပြ ဇီဒန်း က နည်းပြလောကထဲကို သေချာပေါက်ပြန်လာမှာဖြစ်ပြီး ရည်မှန်းချက်တွေထဲက တစ်ခုကတော့ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
17 Jan