မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်ကစားသမား မိုင်နူး

17 Jan

မန်ယူအသင်း ကစားသမားဟောင်း ဖီးလ်ဂျုံးစ် က ကွင်းလယ်ကစားသမား မိုင်နူး အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တွင် မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ အသက် ၂၀ နှစ်အရွယ် မိုင်နူး က အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ် ခံထားရသော်လည်း အသင်းတွင် အနာဂတ်မရေမရာဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တွင် အငှားဖြင့်ကမ်းလှမ်းမှုများကို မန်ယူအသင်းက ငြင်းဆန်ခဲ့သော်လည်း ကစားသမားသစ်ခေါ်ယူရာတွင် မိုင်နူးကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေခဲ့ပါတယ်။ မိုင်နူး အနေနဲ့ အသင်းမှာ ပွဲကစားခွင့်မရဘူးဆိုရင် အငှားနဲ့ထွက်ကစားဖို့ ကြိုးစားမှာ သေချာနေကြောင်း ဖီးလ်ဂျုံးစ် က ပြောကြားခဲ့ပါတယ်။(NVS 008)

17 Jan

ADVERTISE HERE .