အယ်လ်ဗာရက်ဇ် ကို မန်စီးတီးအသင်းတွင် ရှိစေချင်ကြောင်း ဂွါဒီယိုလာ ပြော
17 Jan
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို မန်စီးတီးအသင်းတွင် ရှိစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အယ်လ်ဗာရက်ဇ် ဟာ မန်စီးတီးအသင်းနှင့်အတူ ဖလားသုံးလုံးအောင်ပွဲ ရယူ နိုင်ခဲ့သူဖြစ်ပြီး ပွဲကစားခွင့် ပိုရချင်တာကြောင့် ၂၀၂၄ နွေရာသီတွင် အက်သလက်တီကိုအသင်းထံ ယူရို ၉၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပါတယ်။ ဂွါဒီယိုလာ က အယ်လ်ဗာရက်ဇ် ကို မန်စီးတီးအသင်းမှာ ရှိစေလိုကြောင်းနဲ့ သူက ပွဲကစားခွင့် ပိုရချင်တာကြောင့် ထွက်ခွာသွားတာဖြစ်ကြောင်း၊ သူက ဟာလန်း နဲ့ပြိုင်ဆိုင်ခဲ့ရပြီး အသင်းအတွက် အပိုစွမ်းအားတွေ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အယ်လ်ဗာရက်ဇ် ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း ဖြစ်တဲ့ အက်သလက်တီကိုမှာ ကမ္ဘာ့အဆင့်နည်းပြ ဆီမြွန်နီ နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ် က အက်သလက်တီကိုအသင်းတွင် ခြေစွမ်းကောင်းတွေကို ပြသနေပြီး အသင်းအတွက် ၈၃ ပွဲကစားကာ ဂိုး ၄၀ သွင်းယူပေးထားကြောင်း သိရပါတယ်။(NVS 008)