ဟာရီကိန်းကို စာချုပ်သက်တမ်း မတိုးရန် တိုက်တွန်းခဲ့တဲ့ ဟာမန်း
17 Jan
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်သော ဒီယက်မာဟာမန်း က ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ တိုက်စစ်မှူး ဟာရီကိန်း ကို စာချုပ်သက်တမ်းမတိုးရန် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ဟာရီကိန်း အနေနဲ့ ဘိုင်ယန်အသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၇ ပွဲတွင် ၃၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၃ နွေရာသီက ဘိုင်ယန်အသင်းသို့ ရောက်လာသော ဟာရီကိန်း ဟာ ကစားသမားဘဝ ပထမဆုံးဆုဖလားများအဖြစ် ပြီးခဲ့သည့် လအနည်းငယ်က ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်စူပါဖလားများ ကို ရယူခဲ့ပြီး အသင်းနှင့်အတူ နောက်ထပ်အောင်မြင်မှုများရရန် မျှော်လင့်နေခဲ့ပါတယ်။ ဟာမန်း က ဟာရီကိန်း ရဲ့ စာချုပ်သက်တမ်းပြည့်ချိန်မှာ အသက်က ၃၄ နှစ် ရှိနေမှာဖြစ်လို့ စာချုပ် သက်တမ်းက လ ၂၀ ခန့် ကျန်ရှိနေသေးတာကြောင့် စာချုပ်သက်တမ်းမတိုးသင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်း ရဲ့ လက်ရှိစာချုပ်မှာ ၂ဝ၂၇ ခုနှစ် နွေရာသီအထိသက်တမ်း ကျန်ရှိနေတာဖြစ်ပါတယ်။(NVS 008)