ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် စိုက်ပျိုးရေးဆိုင်ရာပစ္စည်းများပြပွဲအတွက် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်
17 Jan
တောင်ကိုရီးယားနိုင်ငံ၊ အီလ်ဆန်မြို့ရှိ llsan Lake Park တွင်ကျင်းပမည့် နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများပြပွဲတွင် ပါဝင်ပြသရန် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ နိုင်ငံတကာသစ်ပင်ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများပြပွဲ ဂိုယန်း၊ ကိုရီးယား-၂၀၂၆ အဆိုပါပြပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှ မေလ ၁၀ ရက်အထိ သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားခြင်းဖြစ်ပါတယ်။ အဆိုပါပြပွဲရှိ နိုင်ငံအလိုက်ပြခန်း(National Pavillian)များတွင် မြန်မာနိုင်ငံမှပါဝင်ပြသရန် MFVP အသင်းဝင် များနှင့် စိတ်ပါဝင်စားသူများအား ထပ်ဆင့်အသိပေး ဖိတ်ကြားထားပြီး ပါဝင်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် အသင်းရုံးဖုန်း ၀၁-၂၁၈၄၆၇၊ ၀၉-၄၃၁၂၇၆၅၆ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS 004)