တောင်ကိုရီးယားသို့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာလုပ်သား ၁၁၀၀ ကျော်စေလွှတ်နိုင်ခဲ့
17 Jan
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက EPS စနစ်ဖြင့် ၂၀၂၅ ခုနှစ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၁,၁၀၀ ကျော်စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှသိရပါတယ်။ မြန်မာလုပ်သားများ စေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကထား၍ စေလွှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့က အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသားအလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။(NVS 004)
17 Jan