အီရန်အပေါ် ထရမ့် က ခြိမ်းခြောက်မှုများလုပ်ပြီးနောက် အမေရိကန်က အရှေ့အလယ်ပိုင်းသို့ စစ်အင်အား များစေလွှတ်နေ
17 Jan
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရအရေးယူရန် ခြိမ်းခြောက်မှုများ ပြုလုပ်ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောနှင့် စစ်သင်္ဘောများအပါအဝင် စစ်အင်အား များစေလွှတ်နေကြောင်း ဇန်နဝါရီလ ၁၆ ရက် သတင်းများအရ သိရသည်။ တောင်တရုတ်ပင်လယ်၌ ရောက်ရှိနေသည့် USS Abraham Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်ကို အရှေ့အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းရန် ပင်တဂွန်စစ်ဌာနချုပ်က ညွှန်ကြားထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်ရေးအုပ်စုတွင် လေယာဉ်တင်သင်္ဘောနှင့်အတူ ဖျက်သင်္ဘော များ၊ ရေငုပ်သင်္ဘောတစ်စင်းတို့ပါဝင်ပြီး ဒေသတွင်းသို့ရောက်ရှိရန် သီတင်းပတ်တစ်ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။ အီရန်အစိုးရသည် ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းနေမှုကို မရပ်တန့်ပါက “အကူအညီများ လာနေပြီ” ဟု သမ္မတ ထရမ့် က လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။ ထို့ပြင်အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူကလည်း အီရန်နှင့်ပတ်သက်၍ စစ်ရေးနည်းအပါအဝင် နည်းလမ်းအားလုံးကို ရွေးချယ်ရန် ပြင်ဆင်ထားကြောင်း အတည်ပြုထားသည်။ လက်ရှိတွင် အီရန်နိုင်ငံအတွင်း ဆန္ဒပြုမှုများကြောင့် သေဆုံးသူအရေအတွက် ၂၆ဝဝ ကျော်ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းထားသည်။ အီရန်ကမူ အမေရိကန်ကတိုက်ခိုက်လာလျှင် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်မည်ဟု တုံ့ပြန်ထားကြောင်းသိရသည်။