နိုင်ငံတကာအခြေအနေများ ပိုမိုယိုယွင်းလာကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

17 Jan

နိုင်ငံတကာအခြေအနေများ ပိုမိုယိုယွင်းဆိုးရွားလာပြီး ကမ္ဘာကြီးအနေဖြင့် ပို၍အန္တရာယ်ကြီးမား လာကြောင်း ရုရှားသမ္မတ ပူတင် က ဇန်နဝါရီလ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအသစ်များ၏ သံအမတ်ခန့်အပ်လွှာများ ပေးအပ်ပွဲအခမ်းအနားတွင် ရုရှားသမ္မတ ပူတင် က ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာအခြေအနေများ တဖြည်းဖြည်း ယိုယွင်းလာမှုကို မည်သူကမျှ ငြင်းချက်ထုတ်လိမ့်မည်ဟု မိမိမထင်ကြောင်း၊ ယခင်ရှိနေပြီးဖြစ်သည့် ပဋိပက္ခများ ပိုမိုကြီးထွားလာသကဲ့သို့ ပဋိပက္ခအသစ်များလည်း ထပ်မံပေါ်ထွက်လာသည်ကို တွေ့နေရကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားထားသည်။ ထို့ပြင် ဥရောပတိုက် လုံခြုံရေးဖွဲ့စည်းပုံအသစ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ အဆိုပြုချက်ကိုလည်း ဆွေးနွေးသင့်ကြောင်း ရုရှားသမ္မတ ပူတင် က ပြည်ပသံအမတ်ကြီးအသစ်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြား ခဲ့သည်။ အဆိုပါ မှတ်ချက်စကားများသည် နိုင်ငံခြားရေးရာ မူဝါဒပြဿနာများနှင့်ပတ်သက်၍ ရုရှားသမ္မတ ပူတင် က ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြောကြားခဲ့သည့် မှတ်ချက်စကားများဖြစ်သည်။ သို့ရာတွင် သမ္မတ ပူတင် သည် ဗင်နီဇွဲလားပြဿနာများကို ထည့်သွင်းပြောကြားခြင်းမရှိသကဲ့သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို လည်း တိုက်ရိုက်ထည့်သွင်းပြောကြားခြင်း မရှိခဲ့ကြောင်းသိရသည်။

17 Jan

ADVERTISE HERE .