ကုန်ဈေးနှုန်းသတင်း ၁၆.၁.၂၀၂၆

16 Jan

ဇန်နဝါရီလ ၁၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး ကြက်သွန်ဖြူ၊ အခြားပဲအများစုနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ် နေပါတယ်။ ကြက်သွန်နီဈေးကတော့ ဆက်တိုက်ကျဆင်းနေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၉,၃၅၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၈,၈၃၉ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၄,၅၃၀ ကျပ်ကနေ ၄,၅၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၉၂,၆၃၆ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/ မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၂၆၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၁၆,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာ ကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၁၆၅ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ကြက်သွန်နီ (ဆိတ်ဖြူ) တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၃,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၃,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး (အသား) တစ်ပိဿာကို၇,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(တရုတ်) တစ်ပိဿာကို ၆,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၁၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၂၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၂၉၀ ကျပ်၊ မန္တလေးမှာ ၂,၄၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၃၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၃၅ ကျပ်၊ မန္တလေးမှာ ၂,၄၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၁၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၁၆၅ ကျပ်၊ မန္တလေးမှာ ၂,၂၈၀ ကျပ်၊ နေပြည်တော်မှာ ၂,၂၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၁၀ ကျပ်၊ မန္တလေးမှာ ၂,၆၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း ခြောက်ဆယ်ကျပ် (၆,၀၀၀,၀၀၀ိ/-) ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၉၀၀,၀၀၀ိ/-) ကိုးဆယ် ကိုးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

16 Jan

ADVERTISE HERE .