“ရာသီဝက်ရမှတ်အများဆုံးဖြစ်ခဲ့တဲ့ ယခင်စံချိန်ကို လိုက်မီခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”

16 Jan

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလုံးအသင်းကို အနိုင်ရခဲ့ပြီးနောက် ၂၀၁၃-၁၄ ဘောလုံးရာသီက ၎င်းတို့အသင်း တင်ရှိထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါရာသီဝက် ရမှတ်အများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အခုရာသီ ပွဲစဉ်(၁၇)အပြီးမှာ ရမှတ်ပေါင်း ၄၇ မှတ်ရရှိထားခဲ့တာကြောင့် ၂၀၁၃-၁၄ ဘောလုံးရာသီက တင်ရှိထားခဲ့တဲ့ ရာသီဝက်ရမှတ်အများဆုံး စံချိန်ကို လိုက်မီနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ကွန်ပနီ ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ပွဲစဉ်(၁၇)အပြီးမှာ သွင်းဂိုး ၆၆ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ရာသီဝက် သွင်းဂိုး အများဆုံးစံချိန်ကိုပါ ရယူသွားနိုင်ခဲ့ပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီက သွင်းဂိုး ၅၆ ဂိုးနဲ့ တင်ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အခုရာသီ ပွဲစဉ်(၁၇)အထိ ကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ ၁၅ ပွဲနိုင် ၂ ပွဲ သရေ ကျထားပြီး လက်ရှိရာသီ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းလည်း ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း က အခုရာသီ ၁၇ ပွဲအပြီးမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဒုတိယနေရာက စတုဂတ်တိုက်စစ်မှူး အန်ဒက်ဗ် ကို ၁၀ ဂိုး အသာ ရထားပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .