“နည်းပြ ဖလစ်ခ် ကြောင့် ဘာစီလိုနာအသင်းမှာ ဆက်ရှိနေတာဖြစ်ကြောင်းပြောခဲ့တဲ့ ရာဖင်ဟာ”
16 Jan
ဘာစီလိုနာအသင်း ကစားသမားဘဝအစပိုင်းမှာ ရုန်းကန်ခဲ့ရတယ်လို့ တောင်ပံကစားသမား ရာဖင်ဟာ က ဝန်ခံခဲ့ပြီး နည်းပြ ဖလစ်ခ် ရောက်လာခဲ့လို့သာ အသင်းမှာ ဆက်နေဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လိဒ်ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းကို ရောက်လာခဲ့တဲ့ ရာဖင်ဟာ က ပထမရာသီမှာ ပြိုင်ပွဲစုံပွဲ ၅၀ ကစားခွင့်ရခဲ့ပေမယ့် ၁၀ ဂိုးသာ သွင်းနိုင်ခဲ့သလို ဒုတိယရာသီမှာလည်း ၃၇ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဘာစီလိုနာနည်းပြအဖြစ် ဟန်ဆီဖလစ်ခ် ရောက်ရှိလာခဲ့ပြီးနောက် ရာဖင်ဟာ ရဲ့ သွင်းဂိုးနဲ့ ဂိုးပါဝင်ပတ်သက်မှုတွေ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာ က ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၄ ဂိုးသွင်းပြီး ၂၂ ဂိုးဖန်တီးပေးနိုင်ခဲ့သလို အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။ (NVS 008)