“တိုက်စစ်မှူး ရိုဘီနီယိုဗက်ဇ် ကို ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ရိုးမားအသင်း”

16 Jan

ရိုးမားအသင်းက အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူး ရိုဘီနီယိုဗက်ဇ် ကို မာဆေးလ်အသင်းကနေ ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ မာဆေးလ်အသင်း ကြေညာချက်အရ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး ဗက်ဇ် အတွက် ရိုးမားအသင်းက ပြောင်းရွှေ့ကြေးအပြင် အနာဂတ်ရောင်းချရမှုကနေ ၁၀ ရာခိုင်နှုန်းကိုလည်းပေးဖို့ သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ရိုးမားအသင်းက ဗက်ဇ် ကို ၂၀၃၀ အထိသက်တမ်းရှိတဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဗက်ဇ် ဟာ အနာဂတ်မှာ တောက်ပလာမယ့် လူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ဗက်ဇ် ဟာ နည်းပြ ဒီဇာဘီ လက်ထက် ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလမှာ မာဆေးလ်အသင်းအတွက် ပထမဆုံးပွဲ ထွက်ခွင့်ရခဲ့ပြီးနောက် အခုရာသီ ပြင်သစ်လိဂ်မှာ ပွဲထွက်ကစားမှု ၃ ပွဲအပါအဝင် လိဂ်ပွဲ ၁၄ ပွဲ ပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .